
ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့် ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း၊ ကားဘိုးကျေးရွာမှလည်းကောင်း ဝင်ရောက် လျက်ရှိသည်။
နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး (၁)ဖူးလျှင်(၅၀၀)ကျပ်၊ အသေး(၁)ဖူး လျှင်(၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းတစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည် ရောင်းချသူများသည်ပြောင်းဖူးပြုတ် အကြီး(၁)ဖူးလျှင်(၁၀၀၀)ကျပ်၊ အသေး(၁)ဖူးလျှင်(၈၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)