Main menu

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် စားတော်ပဲလုံးရေစိမ်ဈေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏   ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်း သိရှိရပါသည်။ စားတော်ပဲများကို မန္တလေးမြို့မှဝယ်ယူပြီး အစိမ်းသာမက ရေစိမ်၍လည်း  ရောင်းချကြောင်း ၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ တတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံးရေစိမ်ဈေးနှုန်းမှာ (၁)ပြည်လျှင် (၄၂၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်(၁)ပြည်လျှင်(၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် စားတော်ပဲလုံးရေစိမ်(၁)ပြည်လျှင်(၂၀ဝိ/-)ကျပ် ဈေးပိုခဲ့ကြောင်း၊ တစ်နေ့လျှင် စားတော်ပဲ (၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)