
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အ တွင်း အာလူး နှင့် ဂျင်း(ချင်း) တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူ ရောင်း ချလျက်ရှိကြောင်း သိရှိရပါ သည်။
ကျွန်းလှမြို့နယ်တွင် ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ပိတောက်မြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းအနေဖြင့် အာလူးသီးအလုံးကြီး လက္ကား (၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ အားလူးသီးအလုံးကြီး လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး လက္ကား(၁)ပိဿာလျှင်(၄၃၀၀)ကျပ် နှင့် အာလူးသီး အလုံးသေး လက်လီ(၁)ပိဿာလျှင်(၄၅၀၀)ကျပ် နှင့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာ လျှင်(၅၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၆၀၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း ကျွန်းလှမြို့ပေါ် ရပ်ကွက်များတွင် ကြက်သွန်ဖြူ/နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် လုပ်နေသူ ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)