
မက်လင်သီးသည် မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်ရှိ ဗန်းမော်၊ရွှေကူစသည့် ဒေသများတွင် ပေါက်ရောက်သော အသီးတစ်မျိုးဖြစ်ပါသည်။ထိုမက်လင်သီးကို ဒေသခံများ က ပါးပါးလှီး၍ နေလှန်း အခြောက်လှန်းကာ တစ်နှစ်ပတ်လုံး အထားခံသော မက်လက် ခြောက်ဟူ၍ ဈေးကွက်အတွင်း တင်ပို့ရောင်းချကြသည်။
မက်လင်သီးသည် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ အသည်းနှင့် ပတ်သက်သော ရောဂါများကို သက်သာပျောက်ကင်းနိုင်ခြင်း၊ ခန္ဓာကိုယ်တွင်း ဖြစ်ပေါ်သော အဆီများကို ချေဖျက်နိုင်ခြင်းတို့ကြောင့် သဘာဝအဆီကျ ဆေးဟုလည်း သုံးနှုန်းသည်ဟု သိရပါသည်။
ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင် မက်လင်ခြောက် တစ်ပြီလျှင် (၅၀၀၀)ကျပ် ပေါက်ဈေး ဖြင့် စားသုံးသူများ၊ စားသောက်ဆိုင်များအပြင် ၊ တိုင်းရင်းဆေး ထုတ်လုပ် ရောင်းချသော လုပ်ငန်းများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)