Main menu

ကျိုင်းတုံမြို့ နွေစပါးဈေးကွက်

Powered by Drupal

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သည့် မြို့တစ်မြို့ဖြစ်ပါသည်။ ကျိုင်းတုံမြို့သည် တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြပါသည်။ ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း အဓိကအားဖြင့် မိုးစပါး၊ နွေစပါးများကို အလေးထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ကျိုင်းတုံမြို့နယ်အတွင်း နွေစပါးအဖြစ် ရွှေရင်အေး စပါးမျိုးကို စိုက်ပျိုးကာ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း (၅၉၂၇) စိုက်ပျိုးခဲ့သည်။ နွေစပါး (၅၉၂၇) ဧကကိုလည်း မေလမှစတင်၍ ယခလအထိ (၅၉၂၇) ဧက ရိတ်သိမ်းပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

    ယခုနှစ် နွေစပါး တစ်ဧက၏ ကုန်ကျစရိတ်မှာ သွင်းအားစုအနေဖြင့် မျိုးစပါးပျိုးထောင်သည့် နေ့မှစ၍ မြေပြုပြင်ခြင်း၊ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်း၊ ဘောင်ဖော်ခြင်း၊ ပျိုးနုတ်ခြင်း၊ စိုက်ခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ အထွေထွေသွင်းအားစု စုစုပေါင်း (ဆယ်သိန်း) ကျပ် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။

   ယခု ၂၀၂၅ ခုနှစ်တွင် နွေစပါး တစ်ဧက အထွက်နှုန်းမှာ ၈၀ ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ နွေစပါး (၄၆) ပေါင် တစ်တင်းလျှင် (၁၇၅၀၀) ကျပ်၊ ပေါက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စပါးတင်း (၈၀) ကို (၁၇၅၀၀) ကျပ် ရောင်းလျှင် တစ်ဧက (၁၄၀၀၀၀၀) ခန့် ရရှိကာ တစ်ဧက၏ အထွေထွေကုန်ကျစရိတ် (ဆယ်သိန်းနုတ်လျှင်) နွေစပါးစိုက်တောင်သူကြီးများအနေဖြင့် လယ်တစ်ဧကကို (လေးသိန်း) ကျပ်ခန့် အမြတ်အစွန်းရရှိနေကြောင်း သိရပါသည်။

DOCA(ရှမ်း)