Main menu

ဖွံ့ဖြိုးပြီးသောနိုင်ငံများတွင် စီးပွားရေးအရှိန်နည်းနိုင်ဟု UN နှင့် OECD ခန့်မှန်း

Powered by Drupal

     ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးအနာဂတ်ကို ခန့်မှန်းရာမှာ၊ OECD က တိုးတက်မှုနှုန်း ၂.၉% ထိရောက်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း ကုလသမဂ္ဂ (UN) ကတော့ ဖွံ့ဖြိုးပြီးသောနိုင်ငံများအတွက် ကမ္ဘာ့စီးပွားရေး မှာ ၁.၃% သာ တိုးတက်မှုရှိနိုင်သည်ဟု ခန့်မှန်းထားပါတယ်။ အဆိုပါခန့်မှန်းချက်များ သည် ကမ္ဘာ့ကုန်သွယ်ရေးအခက်အခဲများ၊ ငွေကြေးတင်းကြပ်မှု နှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများ အပေါ် မူတည်၍ ခန့်မှန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ယခုအချိန်တွင် ကမ္ဘာ့စီးပွားရေးမျှော်လင့်ထားသလို တိုးတက်မှုမရှိသေးသော်လည်း အချို့နိုင်ငံများတွင် နည်းပညာအသစ်များတီထွင်မှု နှင့် ရင်းနှီး မြုပ်နှံမှု အသစ်များ ဆောင်ရွက်နေကြတာကြောင့် ကမ္ဘာ့စီးပွားရေးဟာ တစ်ဖြည်းဖြည်းနှင့် တိုးတက်လာဖွယ်ရှိပါတယ်။

DOCA(ဧရာဝတီ)