
အမေရိကန်ထံသို့ တင်ပို့မည့် ဥရောပသမဂ္ဂ (EU) နိုင်ငံထွက် ထုတ်ကုန်များအား အနည်းဆုံးအခွန်အဖြစ် ၁၀% သာ ထားပေးရန် EU ဘက်မှ ကမ်းလှမ်းမှုများ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ EU ၏အခွန် ၁၀ % ကမ်းလှမ်းမှုသည် အမေရိကန်နဲ့ EU ကြားက စီးပွားရေးဆက်ဆံရေးကို ပိုတည်ငြိမ်လာစေရန် နှင့် စီးပွားရေး ပြသနာများအား လျှော့ချစေနိုင်ဖို့ ရည်ရွယ်၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
သို့သော် အဆိုပါ ကမ်းလှမ်းချက်ကို အမေရိကန်နိုင်ငံဘက်မှ တရားဝင်အတည်ပြုမှုမရှိ သေးသည့်အတွက် လက်ရှိတွင်တော့ အဆိုပါ အခွန်စနစ်ကိုတော့ နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲမှု မရှိသေးကြောင်းလည်း သိရှိရပါတယ်။
DOCA(ဧရာဝတီ)