Main menu

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

  သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြား ခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၈၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၈၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၁) တန် စီးထွက်ခဲ့ ပါသည်။ ယခု ဇွန်လ၏ တတိယအပတ်တွင် မော်လမြိုင်သို့ (၂၈၀၀) အိတ်ခန့်၊ ကရင် ပြည်နယ်သို့ (၂၀၂၀) အိတ်ခန့်၊ စုစုပေါင်း(၄၈၂၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၂) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ဒုတိယအပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ ဇွန်လ၏ဒုတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်း ဒေသကြီးမှ (၂၆၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၃၁) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇွန်လ၏ တတိယအပတ်တွင် ရန်ကုန်တိုင်း ဒေသကြီးမှ (၂၇၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၇၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၂၆) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ဒုတိယအပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ ဇွန်လ၏ တတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင်ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၀၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၂၈၀၀၀၀၀) ခန့်၊ ကမာကြည် (၂၂၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၇၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၁၀၀၀၀) ခန့်၊ ကမာကြည် (၇၈၀၀၀) ခန့်၊ ဧည့်မထ (၆၂၀၀၀) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး သိရှိရပါသည်။

DOCA (မွန်)