Main menu

မိတ္ထီလာမြို့ ဆန် ဈေးနှုန်း/ဈေးကွက်

Powered by Drupal

   မိတ္ထီလာမြို့ဆန် ဈေးကွက်တွင် ဇွန်လတတိယပတ်၌ ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်း (ပထမတန်းစား) တစ်အိတ်လျှင် ၁၆၀၀၀၀/ကျပ် ၊ ရွှေဘို ပေါ်ဆန်း(ဒုတိယတန်းစား ) တစ်အိတ်လျှင် ၁၄၅၀၀၀/ကျပ် ၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၁၃၀၀၀၀/ကျပ် ၊ ရွှေဘိုမဂျမ်းတော တစ်အိတ်လျှင် ၁၁၀၀၀၀/ကျပ်၊ မြောင်းမမဂျမ်းတော တစ်အိတ်လျှင် ၁၀၀၀၀၀/ကျပ်၊ ကျောက်ဆည် ပဒေသာ တစ်အိတ်လျှင် ၁၂၅၀၀၀/ကျပ်၊ အရပ် ပဒေသာ တစ်အိတ်လျှင် ၁၁၅၀၀၀/ကျပ် ၊ မကွေးတိုင်းဒေသကြီးမှလာသော ဖန်သီးသုခ တစ်အိတ်လျှင် ၉၅၀၀၀/ကျပ်၊ ဧရာဝတီတိုင်းမှလာသော ဖန်သီးသုခတစ်အိတ်လျှင် ၈၀၀၀၀/-၈၅၀၀၀/ကျပ် ၊ပဲခူးတိုင်းဒေသကြီးမှ လာသော ဗျော့ သုခ တစ်အိတ်လျှင် ၈၀၀၀၀/ကျပ် ၊ ဆင်းသုခ တစ်အိတ်လျှင် ၇၅၀၀၀/ကျပ် ၊ ငစိန် တစ်အိတ်လျှင် ၆၅၀၀၀/ကျပ် ၊ ရက်(၉၀)ဆန် တစ်အိတ်လျှင် ၆၅၀၀၀/-၇၀၀၀၀/ကျပ် တို့ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်းသိရပါသည်။

    မိတ္ထီလာဈေးကွက်အတွင်း ရောင်းချနေသော ပေါ်ဆန်းဆန်များကို စစ်ကိုင်းတိုင်း ၊ ဧရာဝတီ တိုင်းဒေသကြီးမှ လည်းကောင်း ၊ ပဒေသာဆန်ကို ဝမ်းတွင်း ၊ ကျောက်ဆည် ၊ စစ်ကိုင်း ၊ မကွေး ၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ လည်းကောင်း ၊ မနောသုခဆန်များမှာ ‌ဒေသထွက် ဆန်များ အပြင် ဝမ်းတွင်း ၊ ပဲခူး ၊ ဧရာဝတီတိုင်းဒေသကြီး တို့မှလည်းကောင်း ဝယ်ယူ၍ မိတ္ထီလာမြို့နယ်နှင့် မလှိုင် ၊ သာစည်မြို့နယ် များသို့ရောင်းချရကြောင်းသိရပါသည်။

DOCA(မန္တလေး)