Main menu

မိတ္ထီလာမြို့၏ မုန့်ဟင်းခါး/မုန့်တီတို့အတွက် မုန့်ဖက်လုပ်ငန်း

Powered by Drupal

      မြန်မာလူမျိုးများနှစ်ခြိုက်စွာ စားသုံးသော အစားအစာများတွင် မုန့်ဟင်းခါး၊မုန့်တီမှာတစ်ခု အပါအဝင်ဖြစ်သည့်။ ထိုသို့သော မုန့်ဟင်းခါး၊ မုန့်တီပြုလုပ်ရန်လိုအပ်သော မုန့်ဖက်ကို အမြို့မြို့ အနယ်နယ်တွင် ပြုလုပ်သည့်လုပ်ငန်းများအနက် မိတ္ထီလာမြို့နယ်ရှိ မုန့်ဖက်လုပ်ငန်းများလည်း အောင် မြင်လျက်ရှိပါသည်။

     မုန့်ဖက်ပြုလုပ်ရန်အတွက် ကုန်ကြမ်းဆန်အနေဖြင့် ဆန်ကြမ်းကိုအသုံးပြုကြပြီး၊ ဆန်ကြမ်းကို ဦးစွာ သုံးရက်ကြာရေစိမ်ပြီးနောက် ကြိတ်စက်ဖြင့် ကြိတ်ကာရရှိလာသောအနှစ်ကို အိတ်ဖြင့်ထည့်၍ နှစ်ရက်ကြာအောင်ထားရသည်။ ၎င်းနောက်ထိုအနှစ်ကိုစက်ဖြင့်တဖန်ကြိတ်ပြီး၊ မုန့်နှစ်များကို နမ်းကြီး နမ်းသေးခွဲ၍ ထွက်ရှိလာသည်ကို ရေဖြင့်စိမ်ပြီးပါက မုန့်ဖက်ရရှိလာမည်ဖြစ်သည်။ ဆန်ကြမ်း (၂၄) ပြီ တစ်အိတ်လျှင် မုန့်ဖက် (၅၀) ပိဿာမှ (၇၀) ပိဿာအတွင်းထွက်ရှိပါသည်။

       မိတ္ထီလာမြို့တွင် ဇွန်လအတွင်း ဆန်ကြမ်းဈေးမှာ တစ်အိတ်လျှင် (၆၀၀၀၀) ကျပ် ဝန်းကျင်ရှိပြီး၊ မုန့်ဖက်ဈေးမှာ တစ်ပိဿာ (၃၂၀၀) ကျပ် ဈေးရှိသဖြင့် အကျိုးအမြတ်ရရှိသည့်အပြင် တစ်ပိုင်တစ်နိုင် လုပ်ငန်းအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကိုပါ ဖန်တီးပေးသောလုပ်ငန်းဖြစ်သည်။

      မုန့်ဖက်လုပ်ငန်းသည် စားသုံးသူများ၏ စားသောက်လိုသောဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် ကုသိုလ်ကိုရသကဲ့သို့ လုပ်ငန်းလုပ်ကိုင်သူများအတွက် ဝင်ငွေရရှိသော လုပ်ငန်းတစ်ရပ်ဖြစ်သည်။

 DOCA(မန္တလေး)