
အင်ဒိုနီးရှား အာဏာပိုင်များသည် မလေးရှားနိုင်ငံသို့ လိပ်ဥ ၁၉၅၀ ကို တရားမဝင် တင်ပို့မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အင်ဒိုနီးရှား ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိ သူ တစ်ဦးက ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာန၏ ရေကြောင်းနှင့် ငါးလုပ်ငန်း ဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ညွှန်ကြားရေးမှူးချုပ် Pung Nugroho က အဆိုပါ လုပ်ဆောင်မှုကို အနောက် Kalimantan ပြည်နယ်၊ Sambas Regency ရှိ ဆိပ်ကမ်းတစ်ခုတွင် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဥများကို Riau ကျွန်းစုပြည်နယ်ရှိ Tambelan ကျွန်းမှ သင်္ဘော ဖြင့် ပို့ဆောင်ခဲ့ကြောင်း Nugroho မှ ပြောကြားခဲ့ပြီး အဆိုပါဥများကို စားသုံးရန် သို့မဟုတ် မွေးမြူရန် ရည်ရွယ်ထားကြောင်း သိရသည်။ တရားမဝင် တင်ပို့မှုအား အနောက် Kalimantan ပြည်နယ်ရှိ Wilker Sintete ရှိ အဏ္ဏဝါရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တိရိစ္ဆာန်နှင့်ငါး သီးသန့်ထားရှိရေးစင်တာမှ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါဥများ၏တန်ဖိုးမှာ ရူပီယာ ၂၉.၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၇၉၅ ဝန်းကျင်) ခန့်ရှိကြောင်းသိရသည်။
Source : Xinhua
DOCA(ရန်ကုန်)