
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ရမည်းသင်းမြို့နယ် စားအုန်းဆ်ိ လက်လီရောင်းချလျက်ရှိသော ခေတ်ဆု စားသုံးဆီဆိုင် ၊ မြမှန်းစားသုံးဆီဆိုင်၊ ကုဋေစိုးစားသုံးဆီဆိုင်၊ ဆုကြီးစားသုံးဆီဆိုင်များမှ ပေါက်အိုင် ကျေးရွာအုပ်စု၊ ရွာတန်း၊ သဲကျွန်းအုပ်စု၊ ကျီအင်းကျေးရွာ၊ ခံဘူးကျေးရွာများရှိ ပြည်သူများအား စားသုံးဆီလက်ဝယ်အရောက် စနစ်တကျရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စာအုပ်စနစ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး၊ အများမြင်သာနေရာတွင် ဗွီနိုင်းများချိတ်ဆွဲ၍ ရောင်းချရန်၊ အလေးချိန်နှင့် အချင်အတွယ်များ မှန်ကန် စွာရောင်းချစေရေး၊ စာအုပ်များတွင် ဆီထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ လိုက်နာဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
DOCA(မန္တလေး)