Main menu

မေလတွင် ကားအစီးရေ ၃၀၀၀၀ နီးပါးရောင်းချခဲ့ရသည့် ဗီယက်နမ်

Powered by Drupal

             ဗီယက်နမ်မော်တော်ကားထုတ်လုပ်သူများအသင်း (VAMA) က ၎င်း၏အဖွဲ့ဝင်များသည် မေလတွင် ကားအစီးရေ ၂၉၂၁၀ စီး ရောင်းချခဲ့ရပြီး ဧပြီလနှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းကျဆင်း ခဲ့သော်လည်း ၂၀၂၄ ခုနှစ် မေလနှင့်နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဇွန်လ ၁၁ ရက်နေ့က တင်ပြခဲ့ပါသည်။ ထိုရောင်းချရမှုထဲတွင် Passenger ကားရောင်းချရမှုမှာ အစီးရေ ၂၀၀၁၄ စီး၊ commercial ကားရောင်းချရမှုမှာ အစီးရေ ၈၉၈၃ စီးနှင့် special-purpose ကားများရောင်းချရမှုမှာ အစီးရေ ၂၁၃ စီးရှိကြောင်း သိရပါသည်။ passenger ကားရောင်းချရမှုမှာ ဧပြီလနှင့်နှိုင်းယှဉ်ပါက ၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး commercial ကားရောင်းချရမှုမှာ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ Special-purpose ကားရောင်းချရမှုမှာ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်း၌တပ်ဆင်သည့်ကားရောင်းချရမှုမှာ အစီးရေ ၁၃၈၀၀ စီးဖြင့် ဧပြီလထက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တင်သွင်းလာသည့် Completely build-up ကားများရောင်းချရမှုမှာ အစီးရေ ၁၅၄၁၀ စီးဖြင့် ဧပြီလထက် ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ပထမ ၅ လတာကာလတွင် VAMA အဖွဲ့ဝင်ကုမ္ပဏီများ၏ ကားရောင်းချရမှုမှာ အစီးရေ ၁၀၄၇၈၀ စီးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ပထမ ၅ လတာကာလနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ပထမ ၅ လတာကာလတွင် passenger ကားရောင်းချရမှုမှာ ၇ ရာခိုင်နှုန်း၊ commercial ကားရောင်းချရမှုမှာ ၂၀ ရာခိုင်နှုန်း၊ special-purpose ကားရောင်းချရမှုမှာ ၄ ရာခိုင်နှုန်းနှင့် Hybrid ကားများရောင်းချရမှုမှာ ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်း၌တပ်ဆင်သည့်ကားများရောင်းချရမှုမှာ ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းလာသည့်ကားများရောင်းချရမှုမှာ ၂၉ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ကားလုပ်ငန်းနယ်ပယ်မှကျွမ်းကျင်ပညာရှင်များက ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏ ကားရောင်းချရမှုသည် အစီးရေ ၂၅၀၀၀၀ မှ ၂၆၀၀၀၀ ကြားရှိနိုင်ပြီး ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ မှ ၁၂ ရာခိုင်နှုန်းကြားမြင့်တက်နိုင်ကြောင်း ခန့်မှန်း ခဲ့ကြပါသည်။

VietnamPlus                                                                             DOCA (ရန်ကုန်)