Main menu

မြိတ်မြို့တွင်ရောင်းချနေသော ပန်းတိမ်ငိုဘုရားပန်းစျေးနှုန်း

Powered by Drupal

    ပန်းထိမ်ငိုဘုရားပန်များကို မြိတ်ခရိုင်တောင်ပိုင်းဒေသဖြစ်သော အပူပိုင်းဒေသတွင်လည်း စိုက်ပျိုးနိုင်သည်။ အအေးပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်းသောကြောင့် စီးပွားဖြစ်မစိုက်ပျိုးနိုင်ဘဲ တစ် နိုင်တစ်ပိုင် စိုက်ပျိုးခြင်းသာရှိပေသည်။ အများအားဖြင့် ရန်ကုန်မြို့မှ လေကြောင်းနှင့်ကားလမ်း များဖြင့်သယ်ယူ၍ မြိတ်မြို့ပေါ်ရှိစျေးများနှင့် ရပ်ကွက်ဆိုင်များတွင် ရောင်းချကြသည်။

    ပန်းထိမ်ငိုပန်းများသည် မိုးများသောဇွန်လလောက်တွင် စတင်ဖူးပွင့်၍ အဖြူရောင်နှင့် ခရမ်းရောင်ဟူ၍ နှစ်မျိုးရှိသည်။ ရာသီချိန်ထွက်ပေါ်ဦးပေါ်ဖျားဖြစ်ပြီး တာရှည်ခံသောပန်းဖြစ် သောကြောင့် လူကြိုက်များကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ပန်းထိမ်ငိုပန်း အခက်အကြီး၊ အသေးပေါ်မူတည်၍ စျေးနှုန်းများကွာဟမှုရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခု၊ ဇွန်လ၊ ဒုတိယပတ်တွင် ပန်းထိမ်ငိုပန်းတစ်ခက်လျှင် (၁၈၀၀)ကျပ်၊ (၁၀)ခက်ပါတစ်စည်းလျှင် (၁၅၀၀၀)ကျပ်ဖြစ်နေကြောင်း ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)