
MSME လုပ်ငန်းဖြစ်သော ပဲပုပ်စို၊ ပဲပုပ်ခြောက်လုပ်ငန်းများကို မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက်များ နှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တပိုင်လုပ်ကိုင်ကြကြောင်း၊ ပဲပုပ်ဟင်းလျာကို မြန်မာလူမျိုးများသည် နှစ်သက်စွာ စားသုံးကြကြောင်း၊ အေးမြသီတာဈေးတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်တွင် ရောင်းချနေသော ပဲပုတ်အစို ၂၅ ကျပ်သားလျှင် (၃၀၀၀) ကျပ်၊ တစ်ပိဿာ (၁၁၀၀၀) ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ ပဲပုတ်အခြောက် ၂၅ ကျပ်သားလျှင် (၅၅၀၀) ကျပ်၊ ပဲပုပ်အခြောက် တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ စားသုံမှုများသော ကြောင့် အရောင်းအဝယ်လည်း ကောင်းကြောင်း၊ ပဲပုပ်အစို ပြုလုပ်ရာတွင် ပဲပုပ်စေ့သီးနှံကိုရေစိမ်၍ ပဲစေ့များပွလာလျှင် ရေဆေးပြီးအိုးထဲတွင်ထည့်၍ မီးဖြင့်ပြုတ်ရကြောင်း၊ ပြုတ်ထားသော ပဲစေ့များ ကျက်လာလျှင် ဆည်ယူပြီးရေစစ်၍ ခံတောင်းထဲတွင်ထည့်ပြီး အဖုံးအုပ်၍ တစ်ရက် ထားရကြောင်း၊ ပဲပုပ်အနံ့လေးမွှေးလာလျှင် ပဲပုပ်အစိုကို ဈေးကွက်သို့ရောင်းချကြောင်း၊ ၎င်းအစိုကို ပုံစံကွက်တွင် ထည့်၍ ပြားပြီးနေလှန်းပါက ပဲပုပ်ခြောက်များရရှိပြီး ဈေးကွက်သို့ရောင်းချရကြောင်း၊ MSME လုပ်ငန်းဖြစ်သော ပဲပုပ်ထုတ်လုပ်ပုံအဆင့်ဆင့်ကို ပဲပုတ်အစို/အခြောက် ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)