
မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ကျန်ဒေသများ မှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးမြို့၄၁လမ်းစျေး(ကမ်းနားလမ်းစျေး)နှင့် သီရိမာလာ ဈေး(ပိုက်ကျုံးစျေး)တို့မှာ ဟင်းသီးဟင်းရွက်ကုန်စိမ်းများ လက်လီ/ လက္ကား ရောင်းချသည့် စျေးများ ဖြစ်ပါတယ်။၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ထွက် ကုန်စိမ်းများပိုမိုဝင်ရောက်လျှက်ရှိပြီး၊ သီရိမာလာ စျေးမှာ မန္တလေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ် ထွက်ကုန်စိမ်းများပိုမိုဝင်ရောက်ကြောင်း သိရပါ တယ်။ ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်အတွင်း ကုန်စိမ်းကိုက်လံဟင်းရွက်ပေါက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ)တစ်စည်းလျှင် ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊ လက်လီ စျေးတစ်စည်းလျှင် ၇၀၀ ကျပ် နှင့် ၈၀၀ ကျပ်အသီးသီး ရောင်းချ လျက်ရှိကြောင်းသိရပါတယ်။ ကိုက်လံအစည်း အသေး အကြီးအပေါ်မူတည်၍ စျေးနှုန်းအနည်း ငယ်ကွာခြားမှုရှိကြောင်း သိရပါတယ်။ သီရိမာလာ စျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီး နှင့် ၆ ဘီး) ယာဉ်(၄၀)စီးနှင့်(၆၀)စီးအကြား ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)