Main menu

မန္တလေးစပျစ်သီးစျေးကွက်

Powered by Drupal

             မန္တလေးသစ်သီးစျေးကွက်သို့ ဇွန်လတတိယပတ်အတွင်း  ရမည်းသင်းဒေသထွက် စပျစ်သီး ဝင်‌ရောက်မှုလျော့နည်းပြီး  အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်မှ ထွက်ရှိသည့်စပျစ်သီးဝင်ရောက်မှုများပြီး၊စစ်ကိုင်းတိုင်းဒေသကြီးမှလည်း  ဝင် ရောက်ကြောင်း သိရပါတယ်။ ရမည်းသင်းခရိုင်တွင်  စားစပျစ်နှင့်  ဝိုင်စပျစ်(၂) မျိုးလုံးစိုက်ပျိုးလျက် ရှိပြီး၊ အီတလီ No(3)၊ BQ ၊ BK ၊ RG စပျစ်မျိုးများ၊ရိုးရိုးအချွန်၊ ပန်း‌ရောင်အချွန်မျိုးနှင့် ဂျပန်(စိမ်း)တို့ စိုက်ပျိုးကြောင်း သိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက်လာသည့် သစ်သီးများအား မန္တလေးမြို့၊စျေးချို စျေး၊   ၂၉ လမ်းနှင့် ၃၁လမ်းကြား၊   ၈၄လမ်း နေရာရှိ သစ်သီး ပွဲရုံ များသို့ ဝင်ရောက်ကြောင်း   သိရပါတယ်။  မန္တလေးသစ်သီးစျေးကွက်တွင်  ၂၀၂၅  ခုနှစ် ဇွန်လ တတိယပတ်အတွင်း   စပျစ်သီး‌စျေး တစ်ပိဿာလျှင် စပျစ်သီးအလုံးဝိုင်း (ကြီး) ၉၀၀၀  ကျပ်   နှင့် ၁၂၀၀၀ကျပ်၊ စပျစ်သီးအချွန်မျိုး ၈၀၀ဝကျပ်  နှင့် ၉၀၀၀ ကျပ်၊စပျစ်သီး (လုံးသေး) ၇၀၀၀ ကျပ် နှင့် ၈၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အသီးအရွယ်အစားအလိုက်စျေး အနည်းငယ်ကွာခြားမှု ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)