
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ယခုနှစ် စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နွေနှမ်းကို (၁၅၆) ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာ စာရင်းများအရသိရသည်။နွေနှမ်းကို မတ်လက အိုင်တွင်း အုပ်စုတွင်(၇၇)ဧက၊ အင်းဝင်းအုပ်စုတွင်(၉)ဧက၊ ကုက္ကိုကန်အုပ်စုတွင် (၇၀)ဧက စိုက်ပျိုး ခဲ့ရာ လာမည့် ဇွန်လ တတိယပတ်နှင့် စတုတ္ထပတ်များတွင် စတင်ရိတ်သိမ်မည်ဟု သိရသည်။ ယခုနှစ် ဧပြီ၊ မေလများ၌ မိုးရွာသွန်းမှုများသည့်အတွက် နွေနှမ်းနှင့် ဧပြီလလောက်ကစိုက်ပျိုးခဲ့သည့် မိုးအစောစိုက် မိုးနှမ်းများအထွက်နှုန်းကောင်းနိုင်ကြောင်း သိရသည်။
နွေနှမ်းကို ယခင်နှစ်ကစိုက်ပျိုးခြင်းမရှိခဲ့ဘဲ မိုးနှမ်းကို ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုး ရာသီက သာစည်မြို့နယ်တွင်(၂၉၁၃၅)ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄.၈)တင်း ရှိခဲ့ကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ဈေးကွက်၌ လက်ရှိဖြစ်ပေါ်နေသော နှမ်းဈေးမှာ နှမ်းညိုတစ်တင်းလျင် ၉၅၀၀၀/- ကျပ်၊ နှမ်းဖြူတစ်တင်းလျင် ၁၀၀၀၀၀/- ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)