
ကညွတ်သီးနှံသည် စားဖိုဆောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကြောင်း၊ ကညွတ်ပင်သည် ပင်ပျော့ပင် တစ်မျိုးဖြစ်ပြီး၊ အပင်ခြေတွင် မြောက်မြားစွာဥများအမျှင်တန်းကာ ပျံ့နှံ့ပွားများစွာ ပေါက်ရောက် ကြောင်း၊ တစ်နှစ်တစ်ကြိမ် အပင်တက်ထွက်ကာ ပန်းပွင့်/အသီးသီးပါက မြေပေါ်ရှိ အပင်ဟာ ခြောက်သွားကြောင်း၊ ကညွတ်ဥတွေသည် နောက်နှစ်မိုးဦးကျချိန်မှာ အတက်ပြန်ထွက် လာပြီး မျိုးအဖြစ် ရှိကြောင်း၊ ကညွတ်သည် နှစ်ကြာခံအပင်မျိုးဖြစ်ရာ စနစ်တကျ ပြုပြင်ထားသည့် စိုက်ခင်းများတွင် အစေ့များကိုစိုက်ပျိုး၍ အပင်များရှင်သန်လာလျှင် နှစ်စဉ်အပင်စို့များ ပေါ်ထွက် လာကြောင်း၊ သဘာဝ အလျောက် ပေါက်ရောက်သော်လည်း စားသုံးရန်အတွက် စနစ်တကျ စိုက်ပျိုး ကြကြောင်း သိရှိရသည်။
တောင်သာမြို့နယ်ရှိ အင်းတဲ၊နန်းတဲကျေးရွာအချို့သည် ကညွတ်စိုက်ဧက(၇)ဧက ခန့် စိုက်ပျိုးထားရှိကြောင်း၊ ပျိုးခင်းများကို (၂-၃) ပေခွာပြုလုပ်၍ ဘောင်ပေါ်တွင် မျိုးစေ့ကို (၃-၄) လက်မခြားခွာပြီး ပျိုးကြဲစနစ်ဖြင့် စိုက်ပျိုးကြောင်း (သို့မဟုတ်) ပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ မိုးဦးကျချိန်မှစ၍ စိုက်ပျိုးကြောင်း၊ အပင်ပြုစုရာ၌ ဥအတက် အညှောင့်များမထွက်မီ ထယ်ထိုးမြေဖို့ ထားရကြောင်း၊ သက်နုကညွတ်ပင်များ (၂-၃) နှစ်သားအရွယ်တွင် ကညွတ်အစို့ကို (၂-၃) ကြိမ်ဖြတ် ယူကြောင်း၊ (၃)နှစ်သားကျော်လျှင်တစ်နှစ်အတွင်း (၄-၅) ကြိမ်ဖြတ်ယူကြောင်း၊ အပင်အသက် (၇) နှစ်အထိ အထွက်တိုးလျက်ရှိကြောင်း၊ တစ်ဧကလျှင်အထွက်နှုန်း (၃၅၀) ပိဿာခန့်ထွက်ရှိကြောင်း၊ စိုက်ခင်းမှထွက်ရှိသောကညွတ်များကို တောင်သူများကိုယ်တိုင် မြင်းခြံမြို့၊ အေးမြသီတာဈေးသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယ ပတ်တွင် ရောင်းချနေသော ကညွတ် (၅၀) ကျပ်သားတစ်စည်းလျှင် (၃၀၀၀-၄၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ကညွတ်အစို့ အသေး၊အတုတ်နှင့်အရည်အသွေး ပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ ကညွတ်သည် ဟင်းသီးဟင်းရွက်များထဲတွင် လူကိုများစွာ အကျိုးပြုစေပြီး ဈေးကောင်းရရှိသောကြောင့် တောင်သူ များအတွက်လည်း အကျိုးအမြတ်ရရှိကြောင်း ကညွတ်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)