
မိတ္ထီလာမြို့ဈေးကွက်အတွင်းသို့ ဇွန်လပထမပတ်မှစ၍ သစ်တော်သီးများ စတင်ဝင်ရောက် လာကြောင်းသိရပါသည်။သစ်တော်သီးများကို ရှမ်းပြည်နယ် ပင်လောင်းဘက်မှအများဆုံး ဝင်ရောက်လာသည်ဟုသိရပါသည်။ သစ်တော်သီးများသည် အအေးပိုင်းဒေသတွင်စိုက်ပျိုးပြီး အအေးပိုင်းဒေသ အထက်အပူပိုင်းဒေသတွင် စားသုံးမှုပိုများကြောင်းသိရပါသည်။ သစ်တော်သီးသည် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ရင်အေး၍ ဝမ်းမှန်စေသည်။ နှလုံးကျန်းမာရေးအတွက်လည်း စားသုံးသင့်သော ဆေးဘက်ဝင် သစ်သီးတမျိုး ဖြစ်သည်။ ဇွန်လပထမပတ်တွင် သစ်တော်သီးအကြီးတစ်လုံး လျှင် (၇၀၀) ကျပ် မှ (၉၀၀) ကျပ်ထိ ရောင်းချပြီး သစ်တော်သီး အလုံးသေးတစ်လုံးလျှင် (၄၀၀) ကျပ် မှ (၆၀၀) ကျပ်ထိ ရောင်းချခဲ့ပြီး ယခုဒုတိယပတ်တွင် သစ်တော်သီးအကြီးတစ်လုံး လျှင် (၆၀၀) ကျပ် မှ (၈၀၀) ကျပ်ထိ ရောင်းချပြီး သစ်တော်သီး အလုံးသေးတစ်လုံးလျှင် (၃၀၀) ကျပ် မှ (၅၀၀)ကျပ်ထိ ရောင်းချနေကြောင်းသိရှိရပါသည်။
ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်လျှင် အကြီး/သေး တစ်လုံးလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းလာကြောင်းသိရပါသည်။ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း သစ်တော်သီးများ အဝင်များလာခြင်းကြောင့် သိရှိရပါသည်။
DOCA(မန္တလေး)