Main menu

ဒေသထွက်နွားနို့ခဲ

Powered by Drupal

           နွားနို့ခဲကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းတွင် တွင်ကျယ်စွာပြု လုပ်ရောင်းချကြပါသည်။ဒေသတွင်းနွားမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော နွားနို့များဖြင့် ထုတ် လုပ်ကြကြောင်း၊ နွားနို့ခဲသည်ပရိုတင်းဓါတ်ပြည့်ဝစွာပါဝင်သည့်အတွက် ချက်ပြုတ်၊ ကြော်လှော်၍ အမျိုးမျိုးပြုလုပ်စားသုံးကြပါသည်။

          နွားနို့ခဲပြုလုပ်မည်ဆိုလျှင် နွားနို့စိမ်း၊ မရိုးစေးနှင့်ဆားတို့လိုအပ်ပါသည်။မရိုးစေးသည် နွားနို့များ ကိုခဲစေသည့်အတွက် လိုအပ်ခြင်းဖြစ်ပါသည်။ အိုးကြီးကြီးတစ်လုံးထဲတွင် နွားနို့၊ မရိုးစေးအနည်းငယ် နှင့် ဆားများကို ရောထည့်၍ အဖုံးမအုပ်ဘဲ မီးအေးအေးဖြင့် ကျိုချက်ပေးရပါသည်။ မရိုးစေးပါဝင်သည့် အတွက် နွားနို့များသည် တဖြည်းဖြည်းအနည်ကျလာပြီးနောက် အရည်သပ်သပ်၊ အဖတ်သပ်သပ်ဖြစ် လာသည့်အခါ အဖတ်များကို ပိတ်စဖြင့်ဆယ်ယူ၍ ကြိုးဖြင့်တင်းကြပ်စွာ ချည်ထားရပါသည်။ ထိုပတ်စ ကို ဇလုံတစ်ခုထဲသို့ထည့်၍ အပေါ်မှအလေးတုံးဖြင့်ပိ၍ တညသိပ်ထားပေးရပါသည်။ ထို့နောက် အရသာဖြည့်စသည့် နွားနို့ခဲကို ရရှိလာပါသည်။ မိတ္ထီလာဈေးကွက်တွင် နွားနို့ခဲတစ်ပိဿာလျှင် (၂၄၀၀၀) ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)