Main menu

ဈေးကွက်တွင် ဝယ်လိုအားကောင်းတဲ့ သကြားဖြောင်းဖူး

Powered by Drupal

            သာစည်မြို့နယ်၊ ကွမ်းခြံရိုးကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင် လျက်ရှိရာ သကြားပြောင်းဖူးကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ သကြားဖြောင်းဖူးကို စိုက်ပျိုးရာတွင် နှစ်လခွဲ သုံးလကြာမြင့်ပြီး တစ်နှစ်ပတ်လုံး (၃-၄) သီးစိုက်ပျိုးကြသည်။ သကြားဖြောင်း ဖူး စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် (၇၀၂) မျိုးစေ့ထုပ် ငါးထုပ်စိုက်ပျိုးရကြောင်း၊မျိုးစေ့တစ်ထုပ်လျှင် (၇၅၀၀၀)ကျပ်ဖြင့် (၃၇၅၀၀၀)ကျပ်ကုန်ကျကြောင်း၊ ထယ်၊ထွန်တစ်ဧကလျှင် စုစုပေါင်း(၅၇၅၀၀၀) ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ သကြားပြောင်း စိုက်ပျိုးရကြောင်း၊ သကြားပြောင်းဖူးမှာစိုက်ပျိုးပြီး(၂)လခွဲ(၃)လတွင် ရိတ်သိမ်းရသဖြင့် စီးပွားရေး အတွက် ဝင်ငွေရရှိရန် လွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်ပါ သည်။တစ်ဧက အထွက်နှုန်းအနေဖြင့် အဖူး(၈၀၀၀)မှ (၁၀၀၀၀)အထိ ထွက်ရှိပြီး ပွဲစားဈေးရသဖြင့် တောင်သူအကျိုးအမြတ်များကြောင်း ဈေးကွက်အနေဖြင့်ရန်ကုန်၊မန္တလေးနှင့်တောင်ကြီးမြို့များသို့ တင်ပို့ကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)