Main menu

မိတ္ထီလာမြို့ ခါကြက်ဥ(ခေါ်) မုန်လာဥနီဈေးနှုန်းဈေးကွက်

Powered by Drupal

          မိတ္ထီလာမြို့အတွင်း ခါကြက်ဥ(ခေါ်) မုန်လာဥနီများကို  မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှထွက်ရှိသော မုန်လာဥနီများဝင်ရောက်လျက်ရှိကြောင်း မုန်လာဥနီကို ရိုးရိုးဗမာနှင့် ထိုင်ဝမ် မျိုးဟူ၍ နှစ်များတွေ့ရပြီး ဈေးကွက်အတွင်းသို့ တစ်နှစ်ပတ်လုံးဝင်ရောင်သည့် ကုန်စိမ်းသီးနှံတစ်မျိုး ဖြစ်ကြောင်း၊ မုန်လာဥနီကို အမျိုးမျိုးချက်ပြုတ်စားသုံးနေကြသည့်အပြင် ဟိုတယ်၊ စားသောက် ဆိုင်များ၌လည်း အစားအစာ အလှဆင်ရာမှာ အသုံးပြုသော သီးနှံတစ်မျိုးဖြစ်သည်။ ယခုဇွန်လ မိတ္ထီလာကုန်စိမ်း မုန်လာဥနီ အလုံးအကြီးအသေးအပေါ်မူတည်၍ လက္ကားဈေးတစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀) ကျပ်၊ မုန်လာဥနီ (ထိုင်ဝမ်) လက်ကား တစ်ပိဿာလျှင် (၆၀၀၀-၆၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၇၀၀၀-၇၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ယခင်လနှင့် ကာလတူနှိုင်းယဉ်လျှင် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်း မုန်လာဥနီ အဝင်နည်း လာခြင်းကြောင့် ဖြစ်သည်ဟု ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)