Main menu

ကရင်ပြည်နယ်အတွင်း ဝင်ရောက်လာသော ကြက်မောက်သီးဈေးနှုန်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊‌ ဇွန်လ တတိယပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးအတွင်း ကြက်မောက်သီးများ ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။ ကြက်မောက်သီးများအား မော်လမြိုင်မှ ဝင်ရောက်နေကြောင်း သတင်းရရှိပါသည်။

   ကြက်မောက်သီးသည် ကလေးလူကြီးမရွေး အားလုံးကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်သည်။ ကြက်မောက်သီးကို မကြိုက်သောသူရှားသည်။ ကြက်မောက်သီးသည် အာဟာရကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်သော အသီးအနှံတစ်မျိုးဖြစ်သည်။ ကြက်မောက်သီးထဲတွင် ပါဝင်သော အာဟာရဓာတ်များမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားအကျိုးပြုဓာတ်များလည်း ပါဝင်သည်။ ကြက်မောက်သီး ၁၀၀ ဂရမ်လျှင် အမျှင်ဓာတ် ၂ ဂရမ်ထိပါဝင်ပါသည်။ ကြက်မောက်သီးတွင် ဗီတာမင် C ကြွယ်ဝသည်။ ကြက်မောက်သီး စားသုံးခြင်းအားဖြင့် အစာကြေစေခြင်း၊ ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူပြုခြင်း၊ ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးခြင်း၊ ကင်ဆာဆဲလ်များ ကြီးထွားမှုပျံနှံမှုကို ကာကွယ်ပေးခြင်း ၊ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ချပေးခြင်း စသည့်အကျိုး ကျေးဇူးများရရှိ စေနိုင်ပါသည်။

   ကရင်ပြည်နယ်အတွင်းဝင်ရောက်လာသော ကြက်မောက်သီးလက်လီဈေးနှုန်းအခြေအနေမှာ ကြက်မောက်သီး တစ်ကီလိုလျှင် (၁၂,၀၀၀) ကျပ်မှ (၁၅,၀၀၀) ကျပ်အထိ ဈေးနှုန်းများရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)