Main menu

နည်းစနစ်ဗဟုသုတရရှိရန်နှင့် ဈေးကွက်အခွင့်အလမ်းများအရှိန်မြှင့်တင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည့် ကမ္ဘောဒီးယား စားသောက်ကုန်လုပ်ငန်း ကိုယ်စားလှယ်အဖွဲ့

Powered by Drupal

          ကမ္ဘောဒီးယားစက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန(MISTI) မှ ကိုယ်စားလှယ်အဖွဲ့သည် ပြည်တွင်းကမ္ဘောဒီးယားစားသောက်ကုန်လုပ်ငန်းမှတာဝန်ရှိသူများနှင့် အတူ တောင်ကိုရီးယားနိုင်ငံသို့ ဇွန်လ ၇ ရက်နေ့မှ ၁၄ ရက်နေ့ထိ လေ့လာရေးခရီးသွားရောက်ခဲ့ ကြောင်း သိရပါသည်။ ထိုလည်ပတ်မှုသည် အဆင့်မြင့်စားသောက်ကုန်လုပ်ငန်း အလေ့အထများ ကိုရှာဖွေရန်၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားစားသောက် ကုန်ကဏ္ဍအတွက် အခွင့်အလမ်းများကြီးထွားရန် ရည်ရွယ်ကြောင်း သိရပါသည်။ တောင်ကိုရီး ယားအလည်အပတ်ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားစားသောက်ကုန်သုတေ သနအသင်းနှင့် ကုန်ကြမ်းပစ္စည်းသုတေသနအသင်းများပါဝင်သော သိသာထင်ရှားသောအသင်း များနှင့် အဓိကစက်ရုံအချို့ကို လည်ပတ်ခဲ့ကြောင်း သိရပါသည်။ MISTI ၏ Undersecretary နှင့် Cambodia Food Processing TASK Centre (FTC) စီမံကိန်း၏ ညွှန်ကြားရေးမှူးဖြစ်သူ Hong Rada က ထိုလည်ပတ်မှုသည် နည်းစနစ်ဗဟုသုတဖလှယ်မှုနှင့် သိပ္ပံနှင့် နည်းပညာတို့တွင် အပြန် အလှန်ပူးပေါင်းခြင်းသာမက ကမ္ဘောဒီးယား SMEs လုပ်ငန်းများက ဈေးကွက်တိုးချဲ့ရန်နှင့် အလား အလာရှိသောမိတ်ဖက်များနှင့်ချိတ်ဆက်ရန်အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုလည်ပတ်မှုသည် ရှေ့ပြေးထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ အရည်အသွေးဆန်းစစ်မှုနှင့် ထုပ်ပိုးမှု နည်းပညာများအပေါ်အမြင်များပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ကမ္ဘောဒီးယား စားသောက်ကုန်ထုတ်လုပ်သူများသည် ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများကို ထိတွေ့ခွင့်ရရှိခဲ့ ပြီး  ၎င်းတို့၏ကုန်ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် နိုင်ငံတကာဈေးကွက်စံနှုန်းများနှင့် ကိုက်ညီ ရန် အလားအလာရှိသောလမ်းကြောင်းများကို ရရှိခဲ့ကြောင်း သိရပါသည်။

Khmer Times                                                                             DOCA (ရန်ကုန်)