Main menu

ဘရူနိုင်းနိုင်ငံသည် ကြီးမားသော နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းအတွက် သဘောတူညီချက် များကို လက်မှတ်ရေးထိုးခဲ့

Powered by Drupal

          ဘရူနိုင်းနိုင်ငံ၌ (၃၀) မဂ္ဂါဝပ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ထောင်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်တွင်းနေ့စဉ် သတင်းစာ Borneo Bulletin  ဇွန်လ ၁၅ ရက်နေ့က ဖော်ပြချက်အရသိရသည်။

           Bandar Seri Begawan အနီးရှိ Belimbing တွင်တည်ရှိမည့် အဆိုပါစီမံကိန်းသည် နိုင်ငံ ၏ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အစပျိုးမှုတွင် အရေးပါသောခြေလှမ်းတစ်ခုဖြစ်သည်။ ၎င်းသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ကြီးမားသော အစိုးရဦးဆောင်သော နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းနှင့် ပထမဆုံးသော အကြီးစား နေရောင်ခြည်စွမ်းအင်သုံး အားထုတ်မှု စီမံကိန်း ဖြစ်လာမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ဘရူနိုင်းနိုင်ငံ၏ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို မြှင့်တင်ပေးပြီး ၂၀၃၅ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၃၀ ရာခိုင် နှုန်းရရှိရန် ဟူသောရည်မှန်းချက်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)