Main menu

ချောက်မြို့၊ အခြေခံပညာမူလတန်း(လွန်)(ရွာဟောင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့နှင့်ပူးပေါင်း၍ (၁၈.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် ရွာဟောင်းရပ်၊ အခြေခံပညာမူတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သော အစားအစာများနှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူ စားသောက်ရေး” အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိက “လူငယ်နှင့်မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါး အန္တရာယ်စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းများနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ” အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင် များ၊ ကလေးအလုပ်သမားပပျောက်‌ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အခြေခံပညာမူလတန်းလွန် (ရွာဟောင်း)ကျောင်းအတွင်း ရောင်းချနေသော မုန့်စျေးတန်းရှိမုန့်ဆိုင်များအား စားသုံးသူအန္တရာယ် ကင်းရှင်းစေရေးစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)