
(၁၆.၆.၂၀၂၅)ရက်နေ့ ညနေ (၀၄:၂၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်ရှိ အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းလင်း၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်ကျော်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နီလာဉီး၊ သောင်ကြီးရဲစခန်းမှ ဒုရဲအုပ် ဇော်ဇော်ဉီးပါ(၅)ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၁၆)ရပ်ကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန် ရည်ရွယ်ချက်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)