Main menu

ဘားအံမြို့၏ စက်သုံးဆီလက်လီဈေးနှုန်း

Powered by Drupal

          မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်း တို့ကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၇)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဇွန်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ ဓာတ်ဆီ (95) တစ်လီတာလျှင် (၃၀၀၅) ကျပ်၊ (92) တစ်လီတာလျှင် (၂၉၃၅)ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၇၇၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၃၃၅၅)ကျပ်တို့ဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချ ခဲ့ကြောင်း   သိရသည်။

          စက်သုံးဆီသုံးစွဲသူ မိဘပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် စိတ်ကျေနပ်မှု မရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (၀၆၇-၄၁၁၃၇၃၊ ၀၆၇-၄၁၁၂၈၂၊ ၀၉-၂၅၄၆၂၅၄၇၇၊ ၀၉-၇၇၅၂၉၃၆၃၂)ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေး တိုင်ကြားနိုင်ပါကြောင်း သတင်းရရှိသည်။

DOCA(ကရင်)