Main menu

ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၁၉.၆.၂၀၂၄ ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာ‌အောင် (ခရိုင်ဦးစီးမှူး) သည် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ Golden Pot  အမှတ်တံဆိပ် သောက်ရေသန့်စက်ရုံပိုင်ရှင် ဒေါ်ခန့်ခန့်ဖြိုးနှင့်တွေ့ဆုံပြီး အသိပညာပေး ဆွေးနွေးခဲ့ ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်နှင့်တာဝန်(၁၁)ချက်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပြီး ထောက်ခံချက်ရရှိမှသာ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးရန်၊ ကုန်အညွှန်းအမှတ် အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံ စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်နှင့် ကုန်စည်များတွင် မြန်မာဘာသာ နှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်‌စေ ‌ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာ‌ဆောင်ရွက်ရန်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)အရကုန်စည်(၈)အုပ်စုအနက် သောက်ရေသန့်အမျိုးမျိုးတွင်‌ ဖော်ပြပါရှိရမည့်အချက်များ၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)