
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒညှင်းသီး နှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်းသိရ သည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ စပျစ်သီး ဈေးနှုန်း များမှာ စပျစ်သီး လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ စပျစ်သီး လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် စပျစ်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး တိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေ သော ဈေးသည် တစ်ဦးထံမှ သိရသည်။
Doca(စစ်ကိုင်း)