Main menu

ရာသီပေါ်ပဲမှိုများ ဈေးကောင်း

Powered by Drupal

   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် နိုင်ငံအနှံ့အပြားတွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသူများ များပြားလှပါသည်။ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများ အား စိုက်ပျိုးကြရာ နွေရာသီတွင် စိုက်ပျိုးထားသော ပဲများ ရိတ်သိမ်းသောကာလဖြစ်ပါသည်။

   ပဲခူးတိုင်း၊ တောင်ငူမြို့တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်သူတောင်သူဦးကြီးများအနေဖြင့် နွေရာသီ တွင် နွေစပါးစိုက်ပျိုးသူများရှိသလို မတ်ပဲစိုက်ပျိုးသူများလည်းရှိပါသည်။ မတ်ပဲအား နွေရာသီတွင် ရိတ်သိမ်းချွေလှေ့၍ ၎င်းမှထွက်ရှိလာသော ပဲအခွံများအားပုံထားရာမှ ယခုလိုမိုးရာသီ တွင် မိုးရွာချပါက ယင်းပဲခွံအပုံထဲမှ ပဲမှိုများထွက်ရှိလာပါသည်။

    ကျေးလက်ဒေသနေပြည်သူများအနေဖြင့် ယင်းပဲမှိုများအား လိုက်လံရှာဖွေပြီး နီးစပ်ရာ ဈေးများ ၌ လာရောက်ရောင်းချကြပါသည်။ ပဲမှိုမှာ ယခုလို ရာသီမှ စားသုံးနိုင်သော ရာသီစာဖြစ်သ ဖြင့် ဈေးကောင်းရရှိပါသည်။ ပဲမှိုအား ကန်စွမ်းရွက်နှင့်ရောကြော်ပြီးစားသုံးပါကခံတွင်းမြိန်စေသော ဟင်း တစ်ခွက်ဖြစ်ပါသည်။

    ပဲမှိုဈေးနှုန်းအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ဈေးကောင်းရလျှက်ရှိ ပါသည်။ ယခုလိုရာသီမှ စားသုံးနိုင်သောရာသီစာဖြစ်သဖြင့် ဈေးနှုန်းကြီးမြင့်သော်လည်း ရောင်းအား ကောင်းလျှက်ရှိကြောင်း တောင်ငူမြို့၊ ဘုရင့်နောင်ဈေးတွင်လာရောက်ရောင်းချသော ပဲမှိုရောင်းချ သူတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါသည်။

DOCA(ပဲခူး)