Main menu

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ဇရစ်ရိုးပင်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုံညင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ၊ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်များ ရောင်းချလျက်ရှိရာ ယခုအခါ ဇရစ်ရိုးပင်များကို  ကန့်ဘလူမြို့မ ဈေးတွင် စတင်ရောင်းချလျက်ရှိပါသည်။ ဇရစ်ရိုးပင်များသည် စိမ့်စမ်းရေမှဖြစ်ပေါ်သော စမ်းချောင်း ငယ်များ၊ စိုစွတ်သောမြေများတွင် ဇရစ်ရိုးပင်များကို ပေါများစွာပေါက်ရောက်ကြပါသည်။မိုးရာသီ တွင်ဇရစ်ရိုးပင်များ ပေါများစွာပေါက်ရောက်ကာ ဇရစ်ရိုးပင်သည် ဆူးရှိသော အပင်ငယ်မျိုးဖြစ်ပြီး အရိုးနုနှင့်အရွက် နှစ်မျိုးစလုံးစားသုံးနိုင်ကြောင်း၊ ဇရစ်ရိုးပင်များကို ကြော်စား၊ ချက်စား၊ ပြုတ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ဇရစ်ရိုးပင်များကို ကန့်ဘလူမြို့ ပေါ်၊နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိကြောင်း၊ဇရစ်ရိုးပင် များကို (၁)စည်းလျှင် (၅၀၀)ကျပ်၊ (၃)စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)