Main menu

မြင်းခြံမြို့မုန်ညင်းထုပ်ဈေးကွက်

Powered by Drupal

             မြင်းခြံမြို့နယ်တွင်သည် အပူပိုင်းဒေသဖြစ်ပြီး ဆည်ရေသောက်အသင့်အတင့် ရှိ၍ ဟင်းသီးဟင်းရွက် မျိုးစုံစိုက်ပျိုးလျက်ရှိရာ ဒေသတွင်းစားသုံးရန်အတွက် မုန်ညင်းထုပ်(ခေါ်) မုန်ညင်းဖြူကို(ဆောင်း) သီးနှံတစ်ရာသီသာ စိုက်ပျိုးကြောင်း၊ အေးသောရာသီဥတုကို  ကြိုက်နှစ် သက်၍ ပုံသဏ္ဍာန်အားဖြင့် မုန်ညင်းထုပ်အရှည်မျိုးနှင့် မုန်ညင်းထုပ်အပုမျိုးဟူ၍ နှစ်မျိုးရှိကြောင်း  သိရှိရသည်။

            ၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချနေ သော မုန်ညင်းထုတ် ၂၅ ကျပ်သားလျှင် (၈၀၀-၁၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၃၀၀-၁၈၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀-၃၅၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မေလ တတိယပတ်တွင် မုန်ညင်းထုပ်၂၅ ကျပ်သားလျှင် (၆၀၀-၈၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၁၀၀၀-၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် မုန်ညင်းဖြူ ၂၅ ကျပ်သားလျှင် (၂၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၃၀၀-၅၀၀) ကျပ်၊  တစ်ပိဿာလျှင် (၅၀၀-၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ဒေသထွက် မုန်ညင်းထုပ်များ ထွက်ပေါ်သောရာသီချိန် ကုန်ဆုံးပြီဖြစ်သောကြောင့်  ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း၊  လိုအပ်သော        မုန်ညင်းထုတ်များကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိ ကုန်စိမ်းပွဲရုံများမှတင်သွင်း၍  ဒေသတွင်းရောင်းချကြောင်း၊ သုံးစွဲမှုအနေဖြင့် စားသောက်ဆိုင်၊ ပင်လယ်စာဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့်အသုပ်စုံဆိုင်များမှ အများဆုံးဝယ်ယူသုံးစွဲကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)