Main menu

ရွက်လှပန်းပင်

Powered by Drupal

           ရွက်လှပန်းပင်သည် အပွင့်မဟုတ်ဘဲ အရွက်များသာရှိပြီး အရွက်များလှပတင့်တယ် ခြင်းကြောင့် ရွက်လှပန်းဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ရွက်လှပန်းသည်လည်း သပြေညွှန့်၊ ကံ့ကော်ညွှန့်တို့ကို ပန်းဟုခေါ်သကဲ့သို့ခေါ်ဆိုကြခြင်းဖြစ်ပါသည်။ ရွက်လှရွက်များသည် အရောင်စုံ၍ စိုပြေလှပသည့်အပြင် အလွန်မာကျောကာ အထားခံသောကြောင့် လူကြိုက်များကြပါသည်။ အပင်တစ်ပင်တည်းပင်လျှင် အရွက်ကိုလိုက်၍ အဆင့်ဆင့်အရောင် ပြောင်းတတ်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ရွက်လှပင်များသည် မြေမရွေးဘဲ စိုက်ပျိုးဖြစ်ထွန်းခြင်း၊ ရာသီဥတု ဒဏ်ကိုလည်းခံနိုင်ရည်ရှိပါသည်။  အရိပ်အသင့်အတင့်အနည်းငယ်ရသော နေရာများတွင် စိုက်ပျိုးရ ခြင်းဖြင့် ထွက်ပေါ်လာသောအရောင်များနှင့် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့နိုင်သောနေရာ တွင် စိုက်ပျိုး၍ထွက်ပေါ်လာသော အရွက်အရောင်များမှာ ကွဲပြားခြားနားမှုရှိပါသည်။ ရွက်လှပန်းပင်များကို ပန်းအိုးဖြင့်လည်းကောင်း၊ သံပုံးများဖြင့်လည်းကောင်း၊ စည်ပိုင်းများဖြင့်လည်းကောင်း စိုက်ပျိုး၍ရသော်လည်း မြေပေါ်တွင်စိုက်ပျိုးသည်က ပိုမို၍ဖြစ်ထွန်းပါသည်။ မြေကြီးပေါ်တွင် စိုက်ပျိုးသည့်အပင်သည် ပန်းအိုးထဲစိုက်ပျိုးသည့်အပင်ထက် အမြစ်များပို၍ ထိုးထွက်သဖြင့် အကိုင်း အခက်အလက်အတက်အရွက်များလည်း ဝေဆာစွာလှပပါသည်။ ထိုသို့လှပသော ရွက်လှပန်းပင်များကို ရုံးဝန်းအတွင်း၊ ရုံးမျက်နှာစာ၊ စာသင်ကျောင်းဝန်းအတွင်းများ၊ ဘုန်းကြီးကျောင်းဝန်း အတွင်းများ၊ ဟိုတယ်များ စသည့်ဖြင့်နေရာစုံ အလှစိုက်ပျိုးမှုများကြောင်း သိရပါသည်။ မြင်းခြံမြို့ တွင် ရွက်လှပန်းပင်ဈေးနှုန်းများမှာ အပင်အသေးတစ်ပင်လျှင် (၁၅၀၀/၂၀၀၀)ကျပ်၊ အလတ်စား တစ်ပင်လျှင်     (၂၅၀၀/၃၀၀၀)ကျပ်နှင့် အကြီးတစ်ပင်လျှင် (၄၅၀၀/၅၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)