
မန္တလေးမြို့၊ထနောင်ပင်စျေးရှိ ပန်းမျိုးစုံစျေးကွက်တွင် မိုးရာသီအချိန်ဖြစ်၍ ဝင်ရောက်မှု များပြားသည့်အတွက်ပန်းစျေးအနည်းငယ်ကျဆင်းကာအရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာ၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ အမရပူရ မြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ကြီးဒေသတို့မှ စိုက်ပျိုးသည့်ပန်းများ ဝင်ရောက်မှုများပြားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်အတွင်း လက်လီပေါက် စျေးအနေဖြင့် ပန်းတစ်စီးလျှင် ပန်းတိမ်မနိုင်ပန်း ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ဂန္ဓာမာပန်းကြွေဖြူ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင်အမျိုးအစားအလိုက် ဂန္ဓာမာပန်းအပွင့်သေး ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်း ရောင်စုံ ၂၅၀ဝိ/- နှင့် ၃၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- သစ်ခွပန်း ၄၀၀ဝိ/-နှင့် ၆၀၀ဝိ/- စျေးဖြင့် ရောင်းချလျက်ရှိပြီး၊ ပန်းလတ်ဆပ်မှုအပေါ်မူတည်၍ စျေးကွာ ခြားမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)