Main menu

မျှစ်သစ်များပေါ်၍ မျှစ်ဟောင်းများ ‌ဈေးကျ

Powered by Drupal

              မန္တလေးမြို့ ကိုင်းတန်းဈေးသို့ မျှစ်ထွက်ရှိရာ ဒေသများ ဖြစ်ကြသည့် ပဲခူးနှင့် ပြင်ဦးလွင် ဒေသတွင်းမှ ဝင်ရောက်လျက်ရှိကြသည်။ မျှစ်များသည် မိုးရာသီအချိန်တွင် အသစ်များပေါ်လာသည့်အတွက်ကြောင့် ယခင်နှစ် မျှစ်ဟောင်းများ ဈေးကျ၍ မျှစ်ချိုနှင့် မျှစ်ချဉ်ဟူ၍ နှစ်မျိုးခွဲခြားကာ ဈေးကွက်သို့ ရောင်းချကြသည်။ ယခုနှစ်တွင် မျှစ်အသစ် (ခေါ်) မျှစ်ချိုကို တစ်ပိဿလျှင် ၆၀၀၀-၆၅၀၀ ကျပ် မျှစ်ဟောင်း တစ်ပိဿလျှင် ၄၅၀၀-၅၀၀၀ ကျပ် ရောင်းချကြောင်း သိရှိရပြီး မျှစ်များကို အသားမျိုးစုံဖြင့် ရောနှော၍ ချက်ပြုတ်၍လည်းကောင်း၊ မျှစ်ပေါက်ကို စားတော်ပဲပြုတ်၊ ပုဇွန်ခြောက်တို့ဖြင့် ကြော်စားကြပြီး မျှစ်ချဉ်ကိုလည်း အသားမျိုးစုံတို့ဖြင့် ရောနှောချက်ပြုတ်ကြောင်း မျှစ်ထွက်များသည့် အချိန်တွင် မျှစ်ခြောက်ပြုလုပ်၍ ပြည်တွင်း စားသုံးရန်သာမက ပြည်ပသို့ တင်ပို့ရောင်းချကြောင်းလည်း သိရှိရပါသည်။

DOCA(မန္တလေး)