Main menu

ဇွန်ပန်းပျိုးပင်နှင့် ဇွန်ပန်းဈေးကွက်

Powered by Drupal

            ဇွန်ပန်း၏ ရနံ့ကစိတ်ကိုကြည်လင်အေးမြလန်းဆန်းစေပြီး စိတ်ဖိစီးမှုကို လျော့နည်း စေပါသည်။ ဇွန်ပန်း၏ နှင်းလိုဖြူဆွတ်တဲ့ အရောင်၊ မွှေးပျံ့ချိုမြိန်တဲ့ရနံ့၊ လှပတဲ့ပန်းပွင့်တွေကြောင့် လူအများကြိုက်နှစ်သက်ကြပါသည်။ ယခုလို မိုးရာသီရောက်ပြီဆိုသည်နှင့် စံပယ်ပန်းပြီးလျှင် ဇွန် ပန်းများ ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ ဇွန်ပန်းများကို သီကုံး၍ ဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး လူကြိုက်များ၍ ဝယ်ယူမှုများသော ပန်းကလေးများ ဖြစ်ပါသည်။ ဘုရားပန်းကပ်လှူရန်နှင့် အမျိုး သမီးများ ခေါင်းတွင် ပန်ဆင်ရန်အတွက်  အရောင်းသွက်လှပါသည်။ ဇွန်ပန်းပင်သည် တစ်ခါစိုက် ထားလျှင် အခါခါခူးယူရသော ကြာရှည်ခံအပင်တစ်မျိုးဖြစ်ပါသည်။ မိမိအိမ်ခြံဝန်းတွင်  ပန်းအိုးနှင့် အလှစိုက်ပျိုးကြသလို စီးပွားဖြစ်ခြံနှင့်စိုက်ပျိုးသူများလည်း ရှိပါသည်။ တိုးတက်လာတဲ့ ခေတ်နှင့် အညီ ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် အိမ်တိုင်ရာရောက်လာရောက် ပို့ဆောင်ရောင်းချမှုများလည်း ရှိပါသည်။ ဇွန်ပျိုးပင်တစ်ပင်လျှင် (၁၀၀၀/၁၅၀၀)ကျပ်၊ (၁၀)ပင်ဈေးနှုန်းအနေဖြင့် (၈၀၀၀/၁၂၀၀၀) ကျပ်၊ ဇွန်ပန်းကုံးဈေးနှုန်းမှာ(၁၀)ကုံးပါ တစ်တွဲလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)