Main menu

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်း

Powered by Drupal

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်းသို့ ဝင်ရောက်သော ခရမ်းချဉ်သီးများသည်  ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသမှ ပြည်နယ်အတွင်းသို့ အများဆုံးဝင်ရောက်လျက်ရှိပါသည်။ မှာယူရ သည့် နေရာဒေသ အလုံးအကြီး၊ အသေးအပေါ်မူတည်၍ ဈေးနှုန်းကွာခြားပါသည်။ ယခုလက်ရှိ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် အနိမ့်ဈေး ၃၅၀၀ မှ အမြင့်ဆုံး ၄၀၀၀ ကျပ် ဝန်းကျင် ဈေးနှုန်းဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။  

    ယခင် ဇွန်လ ပထမပတ် ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ၃၅၀၀ကျပ်ဖြင့် ‌ရောင်းဝယ်လျက်ရှိပါသည်။  ယခု ဇွန်လ ဒုတိယပတ်တွင် တစ်ပိ ဿာလျှင် ကျပ် (၃၅၀၀၊ ၄၀၀၀)ကျပ်ဈေးနှုန်း ပေါက်လျက်ရှိရာ ပထမပတ်နှင့် ဒုတိယပတ် နှိုင်းယှဉ်ကြည့်လိုက်လျှင် ဈေးအနည်းငယ်တက်လာကြောင်း ၊ ကုန်ပစ္စည်းမှာလည်းနေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပစ္စည်းလက်ကျန်မရှိဘဲ ပုံမှန်ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာ ဈေးရှိဈေးသည်တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)