Main menu

ပြည်ဒေသထွက် ရွှေဖရုံသီး‌ဈေးကွက်

Powered by Drupal

   ရွှေဖရုံသီးပင်သည် အသီးနှင့် အညွန့်ပါစားရသည့်အတွက် ဈေးကွက်အတွင်းရောင်းချရာတွင် ဝင်ငွေ (၂)မျိုးရရှိပါသည်။ ရွှေဖရုံသီးကို ပြည်မြို့နယ် အနီးတဝိုက်ဖြစ်သော သဲကုန်း၊ ပုတီးကုန်း၊ ဝက်ပုတ်၊ အင်းမဒေသများတွင်လည်းကောင်း ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ ဖြစ်သော မီးလောင်ရွာ၊ ဝါးတောရွာ၊ ကျီးသဲနှင့် မြို့မရွာတို့တွင်လည်းကောင်း‌ ရွှေဖရုံသီးများကို အများအပြားစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ရွှေဖရုံသီးများအား ကုန်စိမ်းဒိုင်များသို့ သွားရောက် ရောင်းချကြသည့်အပြင် လက်လီလာရောက်ဝယ်သူများအား ရောင်းချလျက်ရှိကြောင်း သိရ ပါသည်။ ကုန်စိမ်းဒိုင်များမှ ရွှေဖရုံသီးများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရပါသည်။ ရွှေဖရုံသီးများကို ပြည်မြို့အတွင်းရှိ ဈေးကွက်များတွင် ရောင်းချကြရာ ရွှေဖရုံသီး တစ်လုံးလျှင် (၂၅၀၀-၃၀၀၀)ကျပ်ဖြင့် ရောင်းချနေကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)