
(၁၈-၆-၂၀၂၅) ရက် ၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အမှတ်(၇) ရပ်ကွက်အတွင်း ရောင်းချနေသော ရပ်ကွက်လက်လီဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဗူးများ ရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် အမှတ် (၇) ရပ်ကွက်အတွင်းရောင်းချနေသော ရပ်ကွက်လက်လီကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite အမှတ်တံဆိပ်အချိုရည်ဗူးများ ရောင်းချနေမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှုရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီသော အချိုရည်များသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိသော အချိုရည်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးဇင်မင်းကိုကိုက စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အချိုရည်များကိုသာထုတ်လုပ် ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)