Main menu

ထားဝယ်မြို့ရှိ ရာသီစာမှိုဈေးကွက်

Powered by Drupal

   ယခုမိုးဦးရာသီချိန်တွင် နေပူပြီး မိုးပြိုင်ပြိုင်ရွာချချိန်၌ တောင်ပို့မှိုများ လှိုင်လှိုင်ထွက်ရှိလျက်ရှိရာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးရွာနှင့် အချို့ကျေးရွာများမှ တောင်သူများသည် တောထဲ၌ သဘာဝပေါက်ရောက်သည့် တောင်ပို့မှိုများ ရှာဖွေရောင်းချခြင်းဖြင့် ဝင်ငွေ ကောင်းလျက်ရှိသည်။

       တောင်ပို့မှိုသည် မိုးရာသီတွင် သဘာဝအရပေါက်ရောက်တတ်ပြီး ခြတောင်ပို့အနီး တစ်ဝိုက်သာမကဘဲ တော၊ တောင်များအတွင်း တစ်ပွင့်၊ နှစ်ပွင့်သာမက အုံလိုက်၊ ကျင်းလိုက် အများအပြားပေါက်ရောက်တတ်ကြောင်း၊ ထားဝယ်ဈေးသို့နေ့ချင်းပြန်ကားများဖြင့်ရွာများမှ လာရောက်ရောက်ရောင်းချကြပြီး တောင်ပို့မှို အဖူးတစ်ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ အပွင့်တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

DOCA(တနင်္သာရီ)