Main menu

ဝမ်းသဖိုးခေါ်တို့ဟူးနွေး

Powered by Drupal

          မိုးကုတ်ဒေသ၏ နံနက်စာအစားအစာများတွင် ဆန်စီး၊ ဆန်ဖွယ်၊ ခေါက်ဆွဲနှင့်အတူ နာမည်ကြီး အစားအစာမှာ ဝမ်းသဖိုးခေါ်တို့ဟူးနွေးဖြစ်သည်။ နေရာဒေသမတူကွဲပြားမှုနှင့်အတူ အခေါ်အဝေါ်များ လည်းကွဲပြားခြားနားကြသည်။ အောက်အရပ်တွင် တို့ဟူးစိမ်းဟုခေါ်တွင်ပြီး မိုးကုတ်ဒေသတွင် ဝမ်းသဖိုး ဟုခေါ်ဆိုကြသည်။ ဝမ်းသဖိုးကို ကုလားပဲမှုန့်နှင့် ပြုလုပ်ကြသလို ဆန်မှုန့်နှင့်လည်းပြုလုပ် ကြသည်။ ထို့ကြောင့် ဆန်ဝမ်းသဖိုးနှင့် တို့ဟူးဝမ်းသဖိုးဟူ၍ နှစ်မျိုးရှိသည်။ ဝမ်းသဖိုးအမာနှင့်ဝမ်းသဖိုးအပျော့ဟူ၍ နှစ်မျိုးစားသောက်နိုင်သည်။ ဝမ်းသဖိုးအမာကို ပါးပါးလှီး၍ ကြက်သွန်ဖြူဆီချက်၊ မြေပဲထောင်း၊ နံနံပင်၊ ကြက်သွန်မြိတ်တို့ဖြင့် လက်သုပ်သုပ်၍ ထန်းလျက်ရည်အပျစ်ဆမ်း၍ စားသောက်ကြသည်။ တို့ဟူးနွေးကို ဆန်စီးဆန်ဖွယ်ဖြင့်ရော၍လည်း စားသောက်ကြသည်။ ဝမ်းသဖိုးသုပ်ရာတွင် ဆားနှင့်သုပ်ရပြီး ငံပြာရည် မသုံးရပါ။ တစ်ချို့ဒေသများတွင်လည်း ရှမ်းတို့ဟူးလို့ခေါ်ဆိုကြပြီး မိုးကုတ်မြို့သို့ ရောက်ရှိလာသည့် ခရီးသွား ဧသည်များအနေဖြင့် မိုးကုတ်အစားအစာဖြစ်သော ဝမ်းသဖိုးကို အမှတ်တရအဖြစ်စားသုံးမှုများပြားကြောင်း သိရှိရသည်။ ဝမ်းသဖိုးတစ်ပွဲကို ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)