Main menu

ထားဝယ်မြို့ရှိကွမ်းရွက်ဈေးနှုန်း/ဈေးကွက်

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မိသားစုတစ်ပိုင်တစ်နိုင် ကွမ်းရွက်ပင် စိုက်ပျိုးရာမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ကွမ်းရွက်ဈေးနှုန်းမြင့်တက်မှုကြောင့် ကွမ်းရွက်ပင်စိုက်ပျိုးသူများ ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ကွမ်းရွက်ပင်သည် ပင်ပျော့အမျိုးအစားဖြစ်သည့်အတွက် သစ်ပင်ကြီးများအား အမှီပြုပေါက်ရောက်သောအပင်ဖြစ်ပြီး ထားဝယ်ခရိုင်တွင်မူ တိုင်ထောင်ကွမ်းကိုသာ စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကွမ်းရွက်စိုက်ဘောင်များ၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း အခြားသီးညှပ်သီးပင်များ စိုက်ပျိုးနိုင်သည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိကြောင်းလည်း သိရပါသည်။

     ရေဖြူမြို့နယ်တွင် ကွမ်းရွက်ပင် အရွယ်အစားအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ ဈေးနှုန်းများလည်း အမျိုးမတူကြောင်းသိရှိရပြီး  ကွမ်းရွက် အသေးအရွက်တစ်ရာပါ တစ်စည်းလျှင် (၂၀၀၀) ကျပ်၊ ကွမ်းရွက်အကြီးအရွက်တစ်ရာပါ တစ်စည်းလျှင်(၄၀၀၀) ကျပ်မှ (၅၀၀၀)ကျပ် အထိရှိပြီး မြို့ပေါ်ဈေးများနှင့် မြို့ပေါ်ကုန်စုံဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)