Main menu

ထားဝယ်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်စျေးနှုန်း/စျေးကွက်အခြေအနေ

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်  ရာသီဥတုမျှတပြီး ရေထွက်ပစ္စည်း ပေါများပြီး ဟင်းသီးဟင်းရွက်များလည်း‌ပေါများသော မြို့နယ်ဖြစ်ပါသည်။ ယခုအခါ တောင်သူများသည် ဒေသတွင်းလိုအပ်သော ဟင်းသီးဟင်းရွက်များကို မြို့နယ်အတွင်းရှိ အနီးနားပတ်ဝန်းကျင် ကျေးရွာများတွင် စိုက်ပျိုးလာကြပါသည်။ နွေရာသီတွင် မြေအောက်ရေများစုပ်ယူပြီး စိုက်ပျိုးကြ သော်လည်း ဒေသတွင်း ဖြစ်ထွန်းနေသော  ဂေါ်ဖီပွင့်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပဲတောင့်ရှည်၊  တို့ ကို စိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ယခုရက်သတ္တပတ်အတွင်း  ဂေါ်ဖီထုပ် (တစ်လုံး)လျှင် ၂၂၀၀/- ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၈၀၀/- ကျပ်၊  ငရုပ်သီးစိမ်း(တစ်ဗူး) လျှင် ၅၀၀/- ကျပ်၊ ပဲတောင့်ရှည် (တစ်စည်း)လျှင် ၇၀၀/- ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)