Main menu

“အိမ်ဆောက်ပစ္စည်းများ အထူးဈေးနှုန်းဖြင့် ရောင်းချ”

Powered by Drupal

            ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း၌ ငလျင်ဘေးသင့်ပြည်သူများအား အိမ်ဆောက် ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ ၊ သံချောင်း ၊ အထပ်သားများအား ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်မှုဖြင့်  ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။ ထိုသို့ ရောင်းချ ပေးရာတွင် သက်ဆိုင်ရာပူးပေါင်း မိတ်ဖက်ဌာနများ ဖြစ်ကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်သစ်တော ဦးစီးဌာန ၊ မြို့နယ်လမ်းဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန နှင့် ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်ကွပ်ကဲ၍ ငလျင်ကြောင့် အလုံးစုံ ပျက်စီး၊ တစ်စိတ် တစ်ပိုင်း ပျက်စီးသည့် ဘုန်းကြီးကျောင်းများ၊ လူနေအိမ်များကို ပြန်လည်ဆောက်လုပ်၊ ပြုပြင် နိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများအား ရောင်းချပေးလျက်ရှိပါသည်။ ဇွန်လ(၈) ရက်နေ့တွင် ကြံ့နှစ်ကောင် ဘိလပ်မြေများကို တစ်အိတ်လျှင်(၁၈၃၀၀/-)ကျပ်ဖြင့် ဘိလပ်မြေ (၂၈၀၀) အိတ်အား လူဦးရေ (၁၂၀) ဦးအတွက် ဇွန်လ(၁၂) ရက်နေ့တွင် ဘိလပ်မြေ တစ်အိတ်လျှင် (၁၈၃၀၀/-)ကျပ်ဖြင့် ဘိလပ်မြေ(၂၇၂၅)အိတ်အား လူဦးရေ (၁၀၉)ဦး အားလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ရောင်းချပေးရာတွင် ငလျင်ဘေးသင့် အဆောက်အဦပြိုကျ၊ ပျက်စီးသွားသော အိမ်ထောင်စုတစ်စုအတွက် ဘိလပ်မြေအများဆုံး အိတ်(၁၀၀)၊ ၁၀ မီလီမီတာ သံချောင်း (၁.၅) တန်၊ ၁၆ မီလီမီတာ သံချောင်း (၁.၀)တန်နှင့် အထပ်သား ၁၀ ချပ်နှုန်းနှင့် ခွဲဝေ ရောင်းချပေးလျက်ရှိပြီး မေလ (၄) ရက်နေ့မှ စတင်၍ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)