Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုတ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက် ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများ အနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး(၁)ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး (၁)ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ ပုဇွန်ထုတ်(၅၀)ကျပ်သားလျှင် (၃၀၀၀၀)ကျပ်၊ပုဇွန်ထုတ် (၂၅)ကျပ်သားလျှင် (၁၅၀၀၀) ကျပ် ဈေးနှုန်း ဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

Doca(စစ်ကိုင်း)