
(၁၂-၆-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သင်းနုနုလှိုင် (အထက်တန်းသူနာပြု) နှင့် ဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးကျော်စိုးလင်းအောင်(လ/ထ အုပ်ချုပ်ရေးမှူး)နှင့်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး အမှတ်(၉)၊ပင်လုံလမ်းနှင့် ရွှေသီရိလမ်းထောင့်၊မြောက်ဒဂုံမြို့နယ်ရှိ ပေါ်ဦးစားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် အစားအသောက် ဝန်ဆောင်မှုပေးခြင်းနှင့် စားသောက်ဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)