Main menu

ကြက်သွန်နီ ဈေးနှုန်း/ ဈေးကွက်

Powered by Drupal

           မိတ္ထီလာဈေးကွက်တွင် ဇွန်လလယ်၌ ကြက်သွန်နီဈေးထပ်မံကျဆင်းကြောင်း ဈေးကွက်မှ သိရသည်။ ကြက်သွန်နီမှာ နယ်စပ်ဝယ်လက်တင်ပို့မှုနည်းခြင်း၊ မိုးရွာသွန်းမှုများတဲ့အတွက် အရည်အ သွေးနိမ့်လာခြင်းများကြောင့် ဈေးနှုန်းကျဆင်းလာကြောင်းသိရသည်။ မိတ္ထီလာ၊ မလှိုင်မြို့နယ်များမှ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ တောင်ကြီး၊ တာချီလိတ်၊ မိုင်းလားမြို့များသို့ တင်ပို့မှုရှိရာ ယခုတစ်ပတ် တွင် မိုးရွာသွန်းမှုကြောင့် လမ်းခရီးအနေအထားအရ မိုင်းလား၊ တာချီလိတ်မြို့များသို့ တင်ပို့မှုနည်းကြောင်း၊ ယခုတစ်ပတ် သင်္ဘောတင်ရန်အတွက် ရန်ကုန်တင်ပို့မှုရှိသော်လည်း ဈေးအေးသည့်အတွက် တင်ပို့မှုနည်းရာ တောင်ကြီး၊ ရန်ကုန်၊ ပဲခူးမြို့များသို့သာ အနည်းငယ်စီ တင်ပို့ကြောင်းသိရသည်။ တောင်သူထံမှ ဝယ်ဈေးအနေနှင့် တစ်ပိဿာလျှင် (၉၀၀-၁၀၀၀) ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် (၇၀၀-၈၀၀-၉၀၀-၁၀၀၀) ကျပ် ဈေးရှိပြီး၊ နယ်တင်ပို့ရာတွင် (၁၀၀၀) ကျပ် ဈေးနှုန်းရှိသည့် ထိပ်စကို တင်ပို့ကြောင်း ကြက်သွန်နီ ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)