Main menu

မုဒုံမြို့၌ Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရတောင်သူများသို့ ရော်ဘာ ပျိုးပင်ပေးအပ်ခြင်းအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

Powered by Drupal

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် Rubber Wood ကုမ္ပဏီများမှ ပင်အိုခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကို (၁၃.၆.၂၀၂၅) ရက်နေ့ နံနက် (၈:၀၀) နာရီက နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

     ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ နိုင်ငံတော်အတွက် စီးပွားရေးအရ အရေးပါသော သီးနှံဖြစ်သည့် ရော်ဘာကို ပြည်နယ်အတွင်း ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ဧရိယာ ( ၁ ဒသမ ၆ ) သန်းကျော်ရှိသည့်အနက်မှ မွန်ပြည်နယ်သည် ရော်ဘာစိုက်ဧက အများဆုံးဒေသဖြစ်ရာ (၂၀၂၄ - ၂၀၂၅) ခုနှစ်တွင် စိုက်ဧကငါးသိန်းကျော် စိုက်ပျိုးထားရှိ၍ မြန်မာအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တစ်ဧကအထွက်နှုန်းမှာ သုံးပုံတစ်ပုံခန့်သာရှိရာ အထွက်နှုန်းနိမ့်ကျသည့်အတွက် ပင်အို ခုတ်လှဲဧရိယာတွင် ဖူးဆက်ရော်ဘာပျိုးပင်များကို အစားထိုး စိုက်ပျိုးလျက်ရှိပါကြောင်း၊ ခုတ်လှဲခွင့်ပြုရာတွင် SOP အရ စိစစ်၍ ခွင့်ပြုလျက်ရှိပါကြောင်း၊ ပြည်နယ်တွင် ရော်ဘာ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ဖိနပ်နှင့်တာယာစက်ရုံကိုတည်ထောင်ရန် ဖိတ်ခေါ်လျက် ရှိကြောင်းနှင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရော်ဘာအခန်းကဏ္ဍသည် အဓိက ပါဝင်နေသောကြောင့် ရော်ဘာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ရေရှည်တည်တံ့ရေးအတွက် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်၏ စိုက်ဧရိယာများတွင် (၉၀) ရာခိုင်နှုန်းသည် ဒေသခံတောင်သူ ရော်ဘာခြံရှင်ငယ်များဖြစ်သည့်အတွက် ရော်ဘာစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေး၊ တည်ငြိမ်သောစျေးနှုန်းရရှိစေရေးတို့အတွက် သက်ဆိုင်ရာများမှဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)